Thursday, January 27, 2022

တ‌ဖြည်းဖြည်း တိုးတက်ခေတ်မှီလာသော နွေဦးတော်လှန်ရေး လက်နက်များ

 

- ဗီနိုင်းကနေ ဒိုင်းကာ
- ဒိုင်းကာကနေ မီးသတ်ဆေးဗူး
- မီးသတ်ဆေးဗူးကနေ မီးရှူးမီးပန်း
- မီးရှူးမီးပန်းကနေ လေးဂွ
- လေးဂွကနေ မိုလိုတော့ဗ်
- မိုလိုတော့ဗ်ကနေ လက်လုပ်မိုင်း
- လက်လုပ်မိုင်းကနေ လက်လုပ်သေနတ်
- လက်လုပ်သေနတ်ကနေ အဝေးပစ်လက်နက်ကြီး
အပူဒီဂရီတဖြည်းဖြည်းတက်သွားတာကို
နေသားကျသွားမယ့် ဖားတွေ မဟုတ်ခဲ့ဘူး .......
အာခံတွင်းကပါ မီးလျှံမှုတ်ထုတ်ပြမယ့် နဂါးတွေ ...
၂၁ မှာမွေးဖွားပြီး ၂၂ မှာ ကြီးပြင်းလာကြပြီ .......။
 
 

 

Friday, January 14, 2022

CHIN Revolution ချင်းတော်လှန်ရေး သမိုင်း

 မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်နေဝင်းမှ ပါလီမန်ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို ဖျက်သိမ်းပြီး နိုင်ငံတော် အာဏာကိုသိမ်းသည့် ၁၉၆၂ ခုနှစ် မှ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုလှုပ်ရှားမှုကို စစ်လက်နက်ဖြင့် ဖြိုခွဲပြီး ဗိုလ်စောမောင်က နိုင်ငံတော်အာဏာကို ဆက်လက်သိမ်းယူသည်အထိ ချင်းလူမျိုးများသည်လည်း လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး ဖွဲ့စည်းပြီး တခြားတိုင်းရင်းသားညီအကိုများနည်းတူ တော်လှန်တိုက်ပွဲ ဝင်ခဲ့ကြသည်။ 


ဗိုလ်နေဝင်းမှ ပါလီမန်ဒီမိုကရေစီအစိုးရကို ဖျက်သိမ်းပြီး အာဏာသိမ်း လိုက်သည့်အခါ ချင်းပါလီမန်အမတ်များနျင့် ချင်းမျိုးချစ်ပုဂ္ဂိုလ်များသည် Anti Communist Freedom Organization ကို ဖွဲ့စည်းကာ လက်နက်ကိုင် အမျိုးသားလှုပ်ရှားမှုကို စတင်ပြုလုပ်ခဲ့ကြသည်။ ဒုတိယဗိုလ်မှူးကြီး ဆွန်ခိုပေါင်၊ ဒမ်ခေါဟောက်၊ မာန်ခန့်ပေါင်၊ ဟရန်နောလ်၊ ဆွန်ကျင်လျန် နှင့် သွာလ်ဇန်တို့က ဦးဆောင်သည် ဒုတိယ ဗိုလ်မှူးကြီး ဆွန်ခိုပေါင် ဦးဆောင်မှုဖြင့် ချင်းလူငယ် ၃၀ ဦးတို့သည် ဘင်္ဂလာဒေ့ရှ်သို့ စစ်ပညာ သင်ယူခဲ့ကြပြီး လက်နက်နှင့်အတူ ပြန်လည်ရောက်ရှိလာကြကာ အမျိုးသားရေးလှုပ်ရှားမှုကို ဆက်လက်ပြုလုပ်ခဲ့ ကြသည်။
 

၁၉၆၄ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် Lal Bahadur Shastri သည် မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းနှင့် အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ပုန်ကုန်ထကြွသူများအရေးကို ဆွေးနွေးခဲ့ကြရာ နှစ်နိုင်ငံ အတွင်း ခွဲထွက်ရေးလှုပ်ရှားမှု၊ တိုင်းပြည်ပြိုကွဲစေမည့် လှုပ်ရှားမှု မှန်သမျှကို ပူးတွဲတားဆီးရန် သဘောတူခဲ့ကြသည်။
 

တွေ့ဆုံမှုအကျိုးဆက်အဖြစ် ဟရန်နောလ်၊ ဆွန်ခိုပေါင်၊ ဒမ်ကိုဟောက်၊ ရိုထန် နင့် အခြားမျိုးချစ် ပုဂ္ဂိုလ်တို့ကို အိန္ဒိယအစိုးရမှ ဖမ်းဆီးပြီး မြန်မာ ပြည်တွင်းသို့ လွဲပြောင်းပေးခဲ့ကြသည်။ ဆွန်ခိုပေါင်အား ၁၀ နှစ်၊ ဟရန်နောလ် နှင့် ဒမ်ကိုဟောက်တို့အား ၈ နှစ် အသီးသီး ထောက်ဒဏ် ချမှတ်ခဲ့ကြသည်။ သို့ဖြင့် ဆွန်ခိုပေါင်ဦးဆောင်သော ချင်းလက်နက်ကိုင် တော်လှန်ရေး မှေးမိန်သွားခဲ့သည်။
 

ပါလီမန်အမတ်ဟောင်း ဂျွန်မန်တလင်းနှင့် မျိုးချစ်လူငယ်တစ်တို့သည် ၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်းကောင်း၊ ဝီလျှံဆာလျန်ဇမ်နှင့် မိုက်ကယ်လ် မန်ခမ်းတို့သည် ၁၉၇၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်းကောင်း ထိုင်းနိုင်ငံသို့ အသီးသီး ရောက်ရှိခဲ့ပြီး ချင်းဒီမိုကရေစီပါတီကို ဖွဲ့စည်းခဲ့ကြသည်။ ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျင်မီဦးဆောင်သော ဇိုမီး ချင်း လွတ်မြောက်ရေး တပ်ဦးနှင့် ဆွေးနွေးကာ နှစ်ပါတီ စလုံး ဖျက်သိမ်းပြီး ညီညွှတ်သော ဇိုမီး ဒီမိုကရေစီပါတီကို ထူထောင်ခဲ့ကြသည်။
 

ထိုခဏတွင် ဂျင်မီသည် အဖွဲ့မှ ပြန်လည် နုတ်ထွက်သွားသဖြင့် ဖေဖော်ဝါရီလ ၂၈ တွင် ချင်းဒီမိုကရေစီပါတီအဖြစ် ပြန်လည် ဖွဲ့စည်း ခဲ့ကြသည်။ ဥက္ကဋ္ဌအဖြစ် ဂျွန်မန်တလင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဝီလျှံဆာလျန်ဇမ်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ပေါင်ကျောထော၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေးဗစ်ထန်တို့က ဦးဆောင်ခဲ့ကြသည်။ မတ် ၂၅ တွင် ဒေးဗစ်ထန် နုတ်ထွက်သွားသဖြင့် ၎င်းအစား ဒေနီယဲလ်ထန်လျန်းအား ပြန် လည်အစားထိုးခဲ့ကြသည်။
 

ထို့နောက် ၁၉၇၂ ခုနှစ် ဩဂုတ်လ (၂၄)ရက်နေ့တွင် တော်လှန်ရေး နယ်မြေရောက် ချင်းအမျိုးသားများ စည်းဝေးခဲ့ကြပြီး ချင်း လွတ်မြောက်ရေး တပ်မတော်ကို တည်ထောင်ရန်ဆုံးဖြတ်ခဲ့ကြကာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီဌာနချုပ် အနီးတွင် ဗိုလ်မှူး ဆာလျန်ဇမ် တောင်းဆိုချက်အရ စစ်ဦးစီးချုပ်တာဝန်ကို ဗိုလ်မှူး ဆာလျန်ဇမ်အား ဂွန်မန်တလင်းမှ လိုလိုလားလား လွဲပေးခဲ့သည်။
 

၁၉၇၆ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ချင်းပြည်သို့ ချီတက်ရန် ဗိုလ်မှူးဆာလျန်ဇမ် ဦးဆောင်သော ချင်းတပ်မတော်သည် ဌာနချုပ်မှ ရှမ်းပြည်ကိုဖြတ်ပြီး ၁၉၇၇ ခုနှစ် နွေဦးတွင် ကချင်ပြည်သို့ရောက် ရှိခဲ့ကြသည်။ ထိုမှတဆင့် နာဂတောင်တန်းကို ဖြတ်ပြီး မိုးရာသီတွင် ချင်းပြည်အထိ လေသာတောင်တန်းကို ရောက်ရှိခဲ့ဩည်။
 

လေသာတောင်တွင် မိုးဒဏ်၊ လေဒဏ်၊ အအေးဒဏ်ကို အလူးအလိမ့် ခံခဲ့ကြ သည်။ အစားအသောက်၊ ဆေးဝါး ပြတ်လပ်မှု ပြသာနာ အကြီးအကျယ်ရင်ဆိုင်ခဲ့ကြသည်။ ထုတ်လှိုင်ရွာသို့ ရိက္ခာသွား ယူစဉ် ရန်သူ မဆလသစ္စာခံ များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ (၃)ဦး ဒဏ်ရာ ရရှိခဲ့ကြသည်။ အခက်အခဲ မျိုးစုံဖြင့် ရင်ဆိုင် ခဲ့ရသော ချင်းတပ်မတော် အင်အား(၂၀)တို့သည် ဗန်းသဲရွာတွင် မဆလထံ အညံ့ခံခဲ့ကြတော့သည်။
 

၎င်းတို့အား အမှုစီရင်ခြင်းမပြုပဲ တိုင်းမှူး ဗိုလ်မှူးချုပ်လှထွန်း၏ အမိန့်ဖြင့် ဗိုလ်ကြီးအေးမောင်(နအဖ ဒုတိယကာကွယ်ရး ဦးစီးချုပ်ဖြစ်ခဲ့သူ)က တန်းစီ ရပ်ခိုင်းပြီး အားလုံးပစ်သတ်လိုက်သည်။ အဆိုပါ ချင်းတပ်မတော် အင်အား ၁၂၀ အနက် ၄၆ ဦးသည် ကလေးမြို့ထောင်သို့ အပို့ခံရပြီး (၄)ဦးသည် ဒဏ်ရာ ရရှိခဲ့ကြသည်။ ကျန် ၄၀ ခန့်သည် လက်နက်ချ အသတ်ခံခဲ့ကြသည်။ သို့ဖြစ် ချင်းလွတ်မြောက်ရေးတပ်မတော် ခေါ် ချင်းအမျိုးသား တပ်မတော်သည်လည်း နလံမထူနိုင်ဖြစ် တော့်သည်။ 


၁၉၆၆ ခုနှစ် မတ်လ(၁)ရက်နေ့တွင် မီဇိုအမျိုးသား တပ်ဦးမှ လွတ်လပ် ရေး ကြေညာကာ အိန္ဒိယအစိုးရအား တရားဝင်တော်လှန်ခဲ့ကြသည်။ မီဇိုအမျိုးသားတပ်ဦးသည် အိန္ဒိယမြန်မာ နှစ်နိုင်ငံပူးတဲွစစ်ဆင် မှုကြောင့် ၁၉၆၉ ခုနှစ်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကြရာတွင် ချင်းအမျိုးသားတစ်ချို့လည်း ပါဝင်ခဲ့ကြသည်။ 

အဆိုပါ ချင်းအမျိုးသားများက ဇိုမီးလွတ်မြောက်ရေးတပ်ဦးကို ဖွဲ့စည်း ခဲ့ကြသည်။ ဥက္ကဋ္ဌအဖြစ် တျာလ်ခါလ်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ထောင်လွယ်၊ နိုင်ငံခြားရေးတာဝန်ခံအဖြစ် ထောင်ဆိုင်တို့မှ ဆောင်ရွက်သည်။ ၁၉၇၂ ခုနှစ်တွင် တျာလ်ခါလ် နှင့် ဆွီတလိန်းတို့သည် ကေအိုင်အေ ကချင်ထံ သို့ သွားရောက်တွေ့ဆုံခဲ့ကြပြီး ဇီုမီးတပ်အား စစ်သင်တန်း ပေးရန် ဆွေးနွေးသဘောတူခဲ့ကြသည်။

 သို့သော် တော်လှန်ရေးခရီးမပေါက်မြောက်ခဲ့ပေ။ ချင်းအမျိုးသား တပ်ဦးကို ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် မြို့တော် အိုက်ဇောလ်တွင် ယခင် ဇိုမီး လွတ်မြောက် ရေးတပ်ဦး အား ချင်းအမျိုးသားတပ်ဦးအဖြစ် ပြောင်းလဲ မှည့်ခေါ်ခဲ့ ကြသည်။ ဥက္ကဋ္ဌအဖြစ် တျာလ်ခါလ်၊ အထွေထွေ အတွင်းရေး မှူးအဖြစ် မန်ခုမ်တို့ တာဝန်ယူခဲ့ကြသည်။
 

၎င်းနှစ် နိုဝင်ဘာလတွင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး နိုထန်ကပ်အား ကချင်လွတ်မြောက် ရေးအဖွဲ့ချုပ် ကေအိုအေနှင့်တွေ့ဆုံဆွေးနွေးရန် ထိုင်းနယ်စပ် ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူဌာနချုပ်သို့ စေလွှတ်ခဲ့ကြသည်။ သို့ဖြင့် ကချင်ခေါင်းဆောင် ဘရန်ဆိုင်းနှင့် တွေ့ဆုံ ခဲ့ကြပြီး ပူးတွဲ စစ်ဆင်ရေး၊ စစ်သင်တန်းပေးရေးကိစ္စ ဆွေးနွေး သဘောတူခဲ့ကြသည်။ နိုထန်ကပ်မှ တျာလ်ခါလ်ထံ ဥက္ကဋ္ဌ နေရာပေးရန် တောင်းဆိုခဲ့ရာ တျာလ်ခါလ်မှ နေရာဖယ်ပေးခဲ့သည်။
 

၁၉၈၈ ခုနှစ် မတ်လ မှ ဩဂုတ်လအတွင်း မြန်မာတပြည်လုံး ဒီမို ကရေစီအုံကြွမှုကြောင့် မဆလပါတီအစိုးရ အဆုံးသတ် သွားခဲ့ကြ သောလည်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော် ငြိမ် ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အမည်ဖြင့် နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ ထို့ကြောင့် ချင်းကျောင်းသား မျိုးချစ် လူငယ်များသည် စစ်အာဏာရှင် စနစ် ဖြုတ်ချရေး၊ ကိုယ့်ကံကျမ္မာ ကိုယ်ဖန်တီးခွင့် ရရှိ ရေးအတွက် တိုက်ပွဲဝင်ရန် အိန္ဒိယနိုင်ငံသို့ လမ်းကြောင်းနှစ်ခုမှ ဝင်ရောက်လာကြသည်။
 

အိန္ဒိယအစိုးရမှ မီဇိုရမ်ပြည်နယ် ဆိုင်ဟား နှင့် ကျန်ဖိုင်မြို့များတွင် ဒုက္ခသည်စခန်းဖွင့်လှစ်နေရာချထားပေးခဲ့ သည်။ အဆိုပါ မျိုးချစ် လူငယ်များသည် အမျိုးသားလှုပ်ရှားမှုပြုလုပ်ရန် မြန်မာနိုင်ငံ ဒီမိုကရက်တစ်တပ်ဦး (အနောက်ဘက်ခြမ်း)ကို ဖွဲ့စည်းခဲ့ကြသည်။ ထို့နောက် ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်များနှင့် ဆွေး နွေးမှု ပြုလုပ်ကာ ၁၉၈၉ ခုနှစ် ဇန်နဝါရီလတွင် ဒီမိုကရက် တစ်တပ်ဦး အားဖျက်သိမ်းပြီး ချင်းအမျိုးသားတပ်ဦးသို့ ပူးပေါင်းခဲ့ကြသည်။
 

၁၉၈၉ ခုနှစ် အောက်တိုဘာလတွင် တပ်ဦးအတွင်း စိတ်ဝမ်းကွဲမှု ဖြစ်ပွားကာ နိုထန်ကပ် ဦးဆောင်သော အဖွဲ့နှင့် တျာလ်ခါလ် ဦးဆောင်သောအဖွဲ့ဟု နှစ်ဖွဲ့ကွဲသွားခဲ့သည်။ အများစုသည် နိုထန်ကပ်အား ထောက်ခံခဲ့ကြသည်။ တျာလ်ခါလ် ဦးဆောင်သည့် အဖွဲ့သည် ချင်းလွတ်မြောက်ရေး ကောင်စီအဖြစ် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ ချင်းလွတ်မြောက် ရေးကောင်စီကို ရိုဇထန်မှ ဦးဆောင်ခဲ့ပြီး ယခုအခါ မှေးမိန် သွားခဲ့ပြီးဖြစ်သည်။
 

ဥက္ကဋ္ဌ နိုထန်ကပ်သည် ပါတီစည်းကမ်း ချိုးဖောက်မှုကြောင့် ၁၉၉၂ ခုနှစ် ဒီဇင်ဘာ(၉)ရက်နေ့တွင် ဖယ်ရှားခြင်းခံခဲ့ရသည်။ ရော်ဂျာ ဗျက်လျန်ထန် ဦးဆောင်သော အမျိုးသားလုံခြုံရေးအရေးပေါ်ကော်မတီ က ပါတီတာဝန် အရပ်ရပ်ကို ဆက်လက်တာဝန်ယူခဲ့သည်။ 

၁၉၉၃ ခုနှစ် ဇွနလ် ၉ ရက်နေ့မှစတင်ကျင်းပသော ချင်းအမျိုးသား တပ်ဦး၏ ပထမအကြိမ် ပါတီညီလာခံက ရော်ဂျာဗျက်လျန်ထန်အား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် သော်မတ်ထန်နိုး အားလည်းကောင်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဘင်ဂျမင် သူရိန်အားလည်းကောင်း ရွေးချယ်ခဲ့ကြသည်။
 

ထိုနှစ် ဩဂုတ်လတွင် ပြည်သူအတွင်းစည်းရုံးရေး ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ပြီး စစ်ဆင်ရေးများ တစ်ခုပြီး တစ်ခု ဆင်နွဲလာခဲ့ကြသည်။ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ညီလာခံသက်တမ်း၊ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးက ဥက္ကဋ္ဌ ရော်ဂျာ ဗျက်လျန်ထန်၏ ဥက္ကဋ္ဌမှ နုတ်ထွက်လွှာ တင်သွင်းမှုကို အတည်ပြုပေးခဲ့ပြီး ဖွဲ့စည်းပုံအရ သော်မတ်ထန်နိုးသည် ဥက္ကဋ္ဌနေရာကို တာဝန်ယူခဲ့သည်။
 

၁၉၉၇ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အထိ ဒုတိယ အကြိမ်ပါတီညီလာခံကို ဝိတိုရိယ စခန်းတွင် ကျင်းပခဲ့သည်။ ဥက္ကဋ္ဌ အဖြစ် သောမတ်ထန်နိုး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဇင်ကျုံး၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဘင်ဂျမန်သူရိန်၊ တွဲဖက် အထွေထွေ အတွင်းရေးမှူးအဖြစ် ခွါအုပ်လျန်တို့အား ရွေးချယ်ခဲ့ကြသည်။
 

ချင်းအမျိုးသားတပ်မတော်၏ ပထမဆုံးအကြိမ် တပ်မှူးညီလာခံကို ၁၉၉၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဝိတိုရိယစခန်းတွင် ကျင်းပခဲ့ရာ တပ်ဦး၏ လမ်းညွှန်မှုကို ဦးထိပ်ထားကာ အမျိုးသား လွတ်မြောက်ရေးအောင်ပွဲခံသည်အထိ ဒူးမထောက်၊ လက်မမြောက် စတမ်း တိုက်ပွဲ ဝင်ရန် သန္နိဌာန်ချမှတ်ခဲ့ကြသည်။ 


ချင်းအမျိုးသားတပ်ဦး၏ တတိယအကြိမ် ညီလာခံကို ၂၀၀၃ ခုနှစ် နိုဝင်ဘာလအတွင်းကျင်းပရာ ဥက္ကဋ္ဌအဖြစ် သောမတ်ထန်နိုး၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဇင်ကျူံး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ထန်ယဲန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် ဒေါက်တာရွေခါးတို့အား ရွေးချယ်ခဲ့ကြသည်။

 ၂၀၀၅ ခုနှစ်တွင် အိန္ဒိယ မြန်မာနှစ်နိုင်ငံ ပူးတွဲစစ်ဆင်ရေးကြောင့် ဝိတိုရိယစခန်းကျဆုံးခဲ့ပြီးနောက် ချင်းအမျိုးသား တပ်မတော်သည် အိန္ဒိယ မြန်မာနယ်စပ်တစ်လျှောက်တွင် ပြောက်ကျားစခန်းများ တည်ဆောင်ပြီး ဆက်လက်လှုပ်ရှားနေခဲ့သည်။
 

ချင်းအမျိုးသားတပ်ဦး၏ စတုတ္ထအကြိမ်ပါတီညီလာခံကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယ မြန်မာနယ်စပ် တနေရာတွင် ကျင်းပခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဇင်ကျူံး၊ ဥက္ကဋ္ဌ (၁)အဖြစ် ထန်နိုး၊ ဥက္ကဋ္ဌ (၂)အဖြစ် ထန်ယဲန်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ပေါလ်စမစ်၊ အတွင်းရေးမှူး (၁)အဖြစ် ဒေါက်တာရွှေခါး၊ အတွင်းရေးမှူး (၂)အဖြစ် အိပ်ချ်စီ ရာလနှင်း တို့အာ ရွေးချယ်ခဲ့ကြသည်။ 


ချင်းအမျိုးသားတပ်ဦးသည် အမျိုးသားပြည်နယ်များကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး၊ ကိုယ့်ကံကြမ္မာ ကိုယ် ဖန်တီးခွင့် ပြန်လည်ရရှိရေး ရည်မှန်းချက်ဖြင့် ယနေ့အထိ တော်လှန် တိုက်ပွဲဝင်နေဆဲဖြစ်သည်။ ချင်းလူမျိုးများသည် ပင်လုံစာချုပ်အားဖြင့် ၁၉၄၈ ခုနှစ်တွင် နယ်ချဲ့ ဗြိတိသျှလက်အောက်မှ လွတ်မြောက် ခဲ့ကြသော်လည်း ဗမာလူကြီးဝါဒီတစု၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်ပြန်သော​ကြောင့် စစ်ရေး၊ နိုင်ငံရေးနည်းလမ်းများဖြင့် တော်လှန်တိုက်ပွဲများ ဆက်လက်ဝင်ခဲ့ကြသည်။ (Ref:Chin Revolution)

လေးကြိမ်မြောက် အာဏာသိမ်းမှု (သို.) နွေဦးတော်လှန်ရေး

 

(၁) ပထမဆုံးအကြိမ် - ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ

၁၉၅၈ ခုနှစ် စက်တင်ဘာလ၌ ပထမဆုံးအကြိမ် အာဏာသိမ်းခြင်းကို ဗိုလ်ချုပ်ကြီး နေဝင်း က အဓိက ဦးစီးပြီး ဆောင်ရွက်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် အိမ်စောင့်အစိုးရကို ဖွဲ့စည်းခဲ့ပြီး ၁၉၅၈ စက်တင်ဘာလ မှ ၁၉၆၀ ဧပြီလ အထိ (၁၈) လတာ ထိန်းသိမ်းခဲ့သည်။ အကြောင်းပြချက်အနေဖြင်. ဖဆပလ ပါတီအတွင်းတွင် အကွဲအပြဲ တွေ ဖြစ်ပေါ်လာပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်ကြောင့် ပြည်နယ် ခွဲထွက်ရေး ဖြစ်ရပ်များ ပေါ်ပေါက်လာသည်ကြောင်း သိရသည်။
https://ispmyanmarpeacedesk.com/cool_timeline/
 
(၂) ဒုတိယအကြိမ် - ၁၉၆၂ ခုနှစ်၊ မတ်လ

ဒုတိယအကြိမ် စစ်အာဏာသိမ်းမှုအား ဗိုလ်ချုပ်ကြီး နေဝင်းကပဲ အဓိကဦးစီးပြီး ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ဆောင်ရွက် ခဲ့ပြီးနောက် တော်လှန်ရေး ကောင်စီကို ဖွဲ့စည်းကာ တိုင်းပြည်အာဏာ ထိန်းချုပ်လို့ (၁၂) နှစ်တာ အုပ်ချုပ် ခဲ့သည်။ အကြောင်းပြချက်အနေဖြင်. ထိုအချိန်က အစိုးရအနေဖြင်. ဗုဒ္ဓဘာသာအား နိုင်ငံတော် ဘာသာအဖြစ် ပြဌာန်း ကြေညာအပြီးမှာ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်ကာ တိုင်းရင်းသား အများစု တောခို၊ ရှမ်းပြည်နယ် ကလည်း ခွဲထွက်ဖို့ ကြိုးပမ်းသည်. ကိစ္စရပ်များ ပေါ်ပေါက်လာသည်ဟု သိရသည်။

ထိုမှတဆင်. မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖွဲ့စည်းပြီး တစ်ပါတီ စနစ်ဖြင်. နိုင်ငံကို အုပ်ချုပ်ကာ  တစ်ပါတီစနစ်ဖြင်. နောက်ထပ် ၁၄ နှစ်တာခရီး ဆက်လက်မောင်းနှင်လျှက် "၈၈" အရေးတော်ပုံ ဖြစ်ပေါ်လာသည်။

(၃) တတိယအကြိမ် - ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ

ဦးနေဝင်း၏ နောက်ကွယ်မှ ထိန်းချုပ်မှုဖြင်. ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်ပြီး ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်၌ တတိယအကြိမ် စစ်အာဏာသိမ်း ခဲ့သည်။ အကြောင်းပြချက်ကတော့ ဆန္ဒပြ ဆူပူအကြမ်းဖက်သူများ၏ မင်းမဲ့စရိုက် ဆန်ဆန် လူအချင်းချင်း သတ်ဖြတ်မှုကို ဥပဒေ အထိန်းအကွပ်မဲ့ ဖြစ်နေလို့ ဟု ဆိုပါသည်။

၁၉၈၈ မှာတော့ နိုင်ငံ.သမိုင်းမှာ ဖျောက်ဖျက်မရတဲ့ သမိုင်းကြောင်းအဖြစ် ထင်ကျန်ရစ်ပြီး အာဏာသိမ်းမှု ၏ နောက်ဆက်တွဲ ဖွဲ့စည်းခဲ့သည်. အစိုးရ အရပ်ရပ်သည်လည်း အရင် စစ်အာဏာရှင်စနစ်ကို ပြန်လည် အသက် သွင်းခြင်း ဖြစ်သည်ဟု နိုင်ငံရေးကျွမ်းကျင်သူ အများစု သုံးသပ်ကြသည်။

(၄) စတုတ္ထအကြိမ် - ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုသည် မြန်မာ.သမိုင်း၌ တကြိမ်တခါမှ မကြားဖူးခဲ့တဲ့ ကလေး၊ လူငယ်၊လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ၊ အလုပ်သမား၊ အနုပညာရှင်, အတတ်ပညာရှင် မကျန်၊  ရွေးကောက်ပွဲမဲစာရင်း ကွာဟမှုပေါ်မူ အကြောင်းပြပြီး စစ်အာဏာရှင်၏ အာဏာသိမ်းမှုကို ယနေ.ထိ နေ.စဥ်ရက်ဆက် ဖီဆန်နေခြင်း ဖြစ်သည်။

ဤ စစ်အာဏာသိမ်းမှု နှစ်ပေါင်း ၃၃ နှစ် အကြာ၌ တကြော.ပြန် ထပ်မံပေါ်ပေါက် လာသည်. နွေဦးတော်လှန်ရေး အရှိန်အဟုတ်သည် ကောက်ရိုးမီး ထလောင်ခြင်းမျိုးမဟုတ် မီးသွေးမီး မှ ဂတ်စ်မီးထက် အဆပေါင်းတရာ မက အရှိန်ပြင်းပြီး စစ်အာဏာရှင်များ၏ မာကျောခက်ထန် ရိုင်းစိုင်းသည်. နှလုံးသားကို ထုဆစ်အရည်ပျော် စေမည်. နေမင်းကြီး အစင်းတထောင်ထက် ပူလောင်စေမည်. တော်လှန်ရေးကြီး ဖြစ်ပေသည်။

ကွန်မြူနစ်ဝါဒ ကိုယ်စားပြုသောနိုင်ငံ ၃၁ နိုင်ငံ

     1- အယ်လ်ဘေးနီးယား
    ၂ - အာမေးနီးယား
    3- ဘူလ်ဂေးရီးယား
    4- ချက်ကိုစလိုဗက်ကီးယား
    5- ဒီမိုကရက်တစ်ဂျာမနီ
    ၆ - ဟန်ဂေရီ
    7- ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံပြည်ထောင်စု
    8- ယူဂိုဆလားဗီးယား
    ၉ - တရုတ်
    ၁၀- ကျူးဘား
    ၁၁- လာအို
    ၁၂- ဗီယက်နမ်
    ၁၃- မြောက်ကိုရီးယား
    ၁၄- ကမ္ဘောဒီးယား
    ၁၅- မွန်ဂိုလီးယား
    ၁၆- အီသီယိုးပီးယား
    ၁၇- မိုဇမ်ဘစ်
    ၁၈- ပိုလန်
    ၁၉- ရိုမေးနီးယား
    ၂၀- ဆိုမာလီယာ
    21- တောင်ပိုင်းယီမင်
    22- ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံ
    ၂၃- အင်ဂိုလာ
    ၂၄ -ဘီနင်
    ၂၅- ဆိုက်ပရပ်စ်
    26- မော်လ်ဒိုဗာ
    ၂၈- နီပေါ
    ၂၉ - အာဖဂန်နစ္စတန်
    ၃၀- အက်စ်တိုးနီးယား
    31- အဇာဘိုင်ဂျန်


(အာဖရိက စစ်အာဏာ သိမ်းမှု)

 (စစ်အာဏာသိမ်းမှု အများဆုံး ဖြစ်ခဲ့တဲ့ အာဖရိက နိုင်ငံများ)
အာဖရိကနိုင်ငံတွေထဲမှာ ဆူဒန်နိုင်ငံက စစ်အာဏာသိမ်းမှု အများဆုံး အနေနဲ့ ၁၅ ကြိမ် အထိ ဖြစ်ပွားထားခဲ့ပြီး ငါးကြိမ်ကတော့ အောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
 

ဆူဒန်ရဲ့ လတ်တလော အကျဆုံး စစ်အာဏာသိမ်းမှုကတော့ ၂၀၁၉ မှာ ဖြစ်ပြီး ၁၉၈၉ တုန်းက စစ်အာဏာသိမ်းမှုနဲ့ပဲ ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ အိုမား အယ်လ်ဘာရှားကို လူထုအုံကြွမှုနဲ့အတူ စစ်တပ်က အာဏာ သိမ်းလိုက်မှု ဖြစ်ပါတယ်။


အာဖရိကတိုက်မှာ လူဦးရေအများဆုံး နိုင်ဂျီးရီးယားနိုင်ငံဟာလည်း စစ်အာဏာသိမ်းမှုများတဲ့ နိုင်ငံဖြစ်ပြီး ၁၉၆၆ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အတွင်း အာဏာသိမ်းမှု ရှစ်ကြိမ် ဖြစ်ခဲ့ပါတယ်။


ဘူရွန်ဒီနိုင်ငံဆိုရင်တော့ ဟူတူနဲ့ တွတ်စီ လူမျိုးနှစ်မျိုးအကြား ပဋိပက္ခကို အခြေခံတဲ့ စစ်အာဏာသိမ်းဖို့ ကြိုးစားမှု ၁၁ ကြိမ် ရှိခဲ့ပါတယ်။


ဆီရီယာလီယွန် နိုင်ငံမှာကတော့ ၁၉၆၇ နဲ့ ၁၉၆၈ အတွင်းမှာတင် စစ်အာဏာ သိမ်းဖို့ ကြိုးစားမှု သုံးကြိမ်၊ ၁၉၇၁ မှာ တကြိမ်နဲ့ ၁၉၉၂ နဲ့ ၁၉၉၇ အကြားမှာ ငါးကြိမ်အထိ စစ်အာဏာသိမ်းဖို့ ကြိုးစားမှုတွေ ဖြစ်ပွားထားပါတယ်။


ဂါနာနိုင်ငံမှာတော့ ၁၉၆၆ ခုနှစ်ကစပြီး အနှစ် ၂၀ အတွင်း စစ်အာဏာ သိမ်းဖို့ ကြိုးစားမှု ၈ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။




အာဏာရှင်စနစ် ဆိုတာ ဘာလဲ?

 အာဏာရှင်စနစ် ဆိုသည်မှာ အစိုးရပုံစံ တစ်ခု ဖြစ်ပြီး၊ ၎င်းတွင် နိုင်ငံတစ်နိုင်ငံ (သို့မဟုတ်) နေရာတစ်နေရာကို အာဏာရှင်ဖြစ်သော လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်တစ်ခုမှ အုပ်ချုပ်သည်။ 

ထိုအာဏာရှင်၏ အာဏာကိုခိုင်မြဲနေစေရန် အမျိုးမျိုးသော နည်းလမ်းများဖြင့် လူမှုရေးအာဏာနှင့် နိုင်ငံရေးအာဏာများကို ကျင့်သုံးဆောင်ရွက် လေ့ ရှိသည်။


အာဏာရှင် စနစ်ဆိုသည်မှာ အမိန့်ပေး အာဏာပြသည့် ပုံစံ တစ်မျိုးဖြစ်ပြီး၊ နိုင်ငံရေး သမားများသည် နိုင်ငံသားများ၏ အပြုအမူတိုင်း နီးပါးကို ထိန်းချုပ်ထားသည်။ အခြား အုပ်ချုပ်မှု ပုံစံများ၏ လွှမ်းမိုးမှုကို လျှော့ချရန် အာဏာရှင် စနစ်သည် ယေဘုယျ အားဖြင့် နိုင်ငံရေး ဝါဒဖြန့်မှုကို ကျင့်သုံးလေ့ ရှိသည်။ 

အတိတ်ကာလတွင် အာဏာရှင်များသည် မတူညီသော ဘာသာရေး နည်းလမ်းများကို အသုံးပြုပြီး ၎င်းတို့၏ အာဏာကို ထိန်းသိမ်းထားကြသည်။

ဖက်ဆစ် /ကွန်မြူနစ် /ဆိုရှယ်လစ် / အရင်းရှင်ဝါဒ ဆိုသည်မှာ ?

 ဖက်ဆစ်ဝါဒ ဆိုသည်မှာ အရင်းရှင်ကြီးများက ပြည်သူလူထုကို‌ ခြောက်လှန့်၍ အုပ်စိုးသော အာဏာရှင် စနစ်ကို ဆိုလိုသည်။ ၂၀ ရာစု အတွင်း အရင်းရှင်စနစ် ပိုမိုကြီးထွားလာသည်နှင့်အမျှ ကြီးမားသော ပြဿနာ များကို ရင်ဆိုင်လာရသည်။


ကွန်မြူနစ်ဝါဒ သည် လူမှုစီးပွားရေး ဖွဲ့စည်းပုံ စနစ်တစ်ရပ်၊ နိုင်ငံရေး သဘောတရား တစ်မျိုးဖြစ်သည်။ ကွန်မြူနစ်ဆိုသည့် ဝေါဟာရသည် လက်တင်ဘာသာမှ ဆင်းသက်လာပြီး ကွန်မြူနစ်ဝါဒ ဆိုသည်မှာ လူသုံးပစ္စည်း ထုတ်လုပ်ရာ ဌာနများဖြစ်သော အလုပ်ရုံနှင့် တန်ဆာပလာ စသည့် ‘ကုန်ထုတ်ကိရိယာ’များနှင့် မြေယာများအား ပြည်သူလူထုက ပိုင်ဆိုင်၍ ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးအတွက် လူတိုင်း လူတိုင်းက လုပ်အားဖြည့်တင်းရမည်ဟု အနက်အဓိပ္ပာယ်ရှိသည်။ အချို့က မြန်မာလို ‘ဘုံဝါဒ’ဟု ခေါ်ဆိုသော်လည်း ဘုံဝါဒဟူသော ဝေါဟာရသည် တိကျသော အနက်အဓိပ္ပာယ် ထွက်သည်ဟု မဆိုနိုင်ပေ။
 

ဆိုရှယ်လစ်ဝါဒ ဆိုသည်မှာ စီးပွားရေးမျှတမှုကို အခြေခံ၍ လူအများအတွက် လူအများက စီးပွားလုပ်ငန်းများကို ပိုင်ဆိုင်ကာ လုပ်ရမည် ဟူသော သဘောပင် ဖြစ်သည်။ ဆိုရှယ်လစ်ဝါဒဟူသော ဝေါဟာရကို အီတလီနိုင်ငံတွင် ခရစ်သက္ကရစ် ၁၈၀၃ ခုနှစ်၌ စတင်၍ ပုံနှိပ်အက္ခရာအဖြစ် အသုံးပြုခဲ့ရာမှ ထိုအယူအဆရေးရာကို လက်ခံသူများသည် ဆိုရှယ်လစ်များဟူ၍ တွင်ခဲ့ကြသည်။ အင်္ဂလန်တွင် ၁၈၂၇ သမဝါယမမဂ္ဂဇ်းတွင် ဆိုရှယ်လစ် စကားလုံးကို စသုံးသည်။ 


အရင်းရှင်ဝါဒ သည် စီးပွားရေးစံနစ် တစ်ခုဖြစ်ပြီး၊ ကုန်ထုတ်လုပ်မှု အရင်းအနှီးများ အားလုံးကို ပုဂ္ဂလိကမှ ပိုင်ဆိုင်သည်။ စက်မှုကုန်ထုတ် လုပ်ငန်းခွင်များမှ ထုတ်လုပ်သူ အလုပ်သမားများ၏ လုပ်အားမှ ဖြစ်ထွန်းလာသော တန်ဖိုးကို ပုဂ္ဂလိက အရင်းရှင်များက သဲ့ယူကာ သူတို့ ၏ကုန်ထုတ်အရင်းကို ပွားယူသည်။ ထို့နောက် ထိုအရင်းကို သူတို့၏အကျိုးနှင့် အမြတ်အစွန်း အတွက်သာ ပြန်လည်ရင်းနှီး အသုံးချသော စနစ်တခုဖြစ်သည်။


Friday, January 7, 2022

မြန်မာပြည်သို. ပထမဆုံး ဧည်.သည် နိုင်ငံခေါင်းဆောင် "ဟွန်ဆန်"

 မြန်မာနိုင်ငံလူဦးရေ ၅၅ သန်း အနက် ဗုဒ္ဓဘာသာ ၉၀ % ခရစ်ယန် ၆ % ၊ အခြားဘာသာဝင် ၄ % ရှိပြီး၊ ကမ္ဘောဒီးယား နိုင်ငံ လူဦးရေ ၁၇ သန်း အနက်၊ ၉၇% ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး ခရစ်ယန် နှုင်. အခြားဘာဘာ ၃ % ခန်.သာရှိသည်။

ဟွန်ဆန့်ကို ၁၉၅၂ ဩဂတ်ဇ် (၂) ရက်နေ့မှာ မွေးခဲ့ပြီး မွေးချင်း (၆) ယောက် အနက် နံပါတ် (၃) ၊ ငယ်နာမည် ရစ်သီဆန်။ ဟွန်ဆန့်အဖေ ဟွန်နန် တျိုချူး တရုတ်အနွယ်ဖြစ်ပြီး ဘိုးဘေးများဟာ  မြေပိုင်ရှင်တွေ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ 

 

ငယ်ရွယ်စဉ်မှာသာသနာ့ဘောင်ဝင်၊ ပြီးမှတခါလူပြန်ထွက်၊ ဟွန်ဆန့် အမေနဲ့တွေ့ပြီးအိမ်ယာထူထောင်ခဲ့ပါသတဲ့။ ဟွန်ဆန်ဟာ ၁၉၇၀၊ အသက် (၁၈) နှစ်အရွယ်မှာတော့ ဘုရင်သီဟာနုဆီက အာဏာသိမ်း ယူခဲ့တဲ့ စစ်ခေါင်းဆောင် လုံနော်ရဲ့တပ်ထဲ စတင် ဝင်ရောက်ပြီး  တပ်ထဲ ဝင်ကာ (၂) နှစ်အကြာမှာ ‘ဟွန်ဆန်’ ဆိုတဲ့ နာမည်ကို ပြန်ယူပြန်ခဲ.သည်။ 

ဟွန်ဆန်ဟာတပ်ရင်းမှူးအထိရာထူးအဆင့်ဆင့်တိုးလာခဲ့ပြီး ၁၉၇၅ ချမ်းမွတ်စ်လင်အရေးအခင်းနဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် တာဝန်မကင်းသူအဖြစ်လည်းဖော်ပြခံခဲ့ရပါတယ်။ ၁၉၇၇ မှာဗီယက်နမ် ကို ထွက်ပြေးပြီး ဗီယက်နမ် အကူအညီရယူတဲ့ သူပုန် ပြန်ဖြစ် လာခဲ့ ပါတယ်။ ၁၉၇၉ မှာတော့ ဗီယက်နမ် ဩဇာခံအစိုးရမှာ ဒုတိယ ဝန်ကြီးချုပ် ဖြစ်လာပြီး လူထုကို ချွေးတပ် ဆွဲခြင်း၊ မြေမြုပ်မိုင်းများ ထောင်ခြင်း အစရှိတဲ့ကိစ္စများ အတွက် တာဝန်မကင်းသူ တယောက် ဖြစ်လာခဲ့ပါတယ်။
 

အာဏာနောက်ကိုတစိုက်မတ်မတ်လိုက်လာခဲ့တဲ့ဟွန်ဆန်ဟာ ထောင်ချီသောနိုင်ငံရေးအကျဉ်းသားများကိုညှင်းဆဲနှိပ်ကွပ်ရင်း ၁၉၈၅ မှာဝန်ကြီးချူပ်စဖြစ်လာခဲ့ပါတယ်။ ၁၉၉၃ မှာတော့ ဂုဏ်သိက္ခာရှိတဲ့ မင်းသားရာနာရစ်ဒ်နဲ့ပူးတွဲဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ 

၁၉၉၇ မှာတော့စစ်တပ်အကူအညီနဲ့အာဏာသိမ်းပြီး ရာနာရစ်ဒ်ကို ကန်ထုတ်လိုက်ပါတယ်။ ဒီလိုနဲ့ ၁၉၉၈ မှာညွှန့်ပေါင်း ကလဖန်ထိုးပြီး ဝန်ကြီးချုပ်ဖြစ်လာပြန်ပါတယ်။ အဲဒီနောက်တော့ မျက်လှည့်မျိုးစုံနဲ့ ကြိုးခုံပြီး ၂၀၁၅ မှာပြိုင်ဘက်ကင်း အာဏာပိုင် ဖြစ်လာခဲ့တာ ကနေ့ထိ ပါဘဲ။  

တရားဝင်ဖော်ပြတဲ့ဟွန်ဆန့်လစာကတော့ တလကိုကန်ဒေါ်လာ ၁၁၅၀ ၊ ။ ဒါပေမယ့်ဟွန်ဆန့်မိသားစုကြွယ်ဝမှုဟာ ဒေါ်လာ (၁) ဘီလျံကျော်ရ၏။ 

ဒီပမာဏထဲမှာ မရွှေ့ပြောင်းနိုင်တဲ့မြေယာအရင်းအမြစ်များမပါပါဘူးတဲ့။ သားသမီး ၅ ယောက်မှာ မာနာ ဟာကုမ္ပဏီ (၂၂) ခုပိုင်၊ မာနက် ဟာဝန် ကြီးချုပ် တပ်ရဲ့တပ်ချုပ်၊ မာနစ်သ် ဟာစစ်ထောက်လှမ်းရေး အကြီး အကဲ၊ မာလိုင် ဟာရှော့ပင်စန်တာချိန်းကြီးရဲ့ဥက္ကဌ၊ မာနီ ဟာ လွတ်တော် အမတ်တို့ဖြစ်ကြသည်။

ဗမာပြည် စစ်ဗိုလ်ချုပ်များရဲ့ ကွန်ဂလိုမာရိတ်ကြီးတွေနဲ့ တထေရာထဲ ပါဘဲ။ အာဏာပိုင်၊ အာဏာအတွက်လက်နက်ကိုင်၊ ဥပဒေပြုရေး၊ ဝါဒဖြန့်ချီမှု၊ ငွေကြေးအရင်းအမြစ် အတော်စုံတဲ့ကွန်ယက်ပါဘဲ။
 

အခင်းအကျင်းကို ကြည့်ရသမျှတော့ စစ်သူပုန်မင်းအောင်လှိုင်ကို ထောက်ခံထားတဲ့ ဟွန်ဆန်နဲ့မင်းအောင်လှိုင်တို့ဆိုတာဟာ ရွှေမှုံကြဲ ထားတဲ့ ချီးပုံနဲ့ ဗလာချီးပုံလို့သာထင်မြင်မိပါတယ်။ တကယ်တန်းတော့ အာဆီယံ ဆိုတာကလည်း ပွဲစားရယ်၊ ဖာသည်ရယ်၊ အလုပ်ကြမ်း သမားရယ်၊ အိမ်ဖော်ရယ်၊ ငထုံရယ်၊ ဆီအုံးလယ်သမားရယ် မင်းမူတဲ့ အဖွဲ့မဟုတ်လား။ 

 ဂျိုကျိုးနားရွက်ပဲ့တွေ နှုတ်ခမ်းပဲ့ခြင်းမီးမှုတ်ရာအရပ်ကို ‘အာဆီယံ’ ခေါ်တာမို့ မင်းအောင်လှိုင်ရဲ့ အာဆီယံကတဆင့်လူရာဝင်ဖို့ကြံခြင်းဟာ ခွေးတိုးပေါက်ကနေပွဲခင်းထဲဝင်ထိုင်ဖို့ထက်ဘာမှမပိုကြောင်းပါ

သို.လော..သို.လော...??

 ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် တရားခံပျောက်နေသော သမိုင်းမှန်တစ်ခု ပဟေဠိပေါင်းများစွာနဲ့ သို့လော.. သို့လော ဖြစ်ခဲ့ရတဲ့ တပ်မတော်ထဲက ပြဿနာတစ်ရပ...