Friday, January 14, 2022

ဖက်ဆစ် /ကွန်မြူနစ် /ဆိုရှယ်လစ် / အရင်းရှင်ဝါဒ ဆိုသည်မှာ ?

 ဖက်ဆစ်ဝါဒ ဆိုသည်မှာ အရင်းရှင်ကြီးများက ပြည်သူလူထုကို‌ ခြောက်လှန့်၍ အုပ်စိုးသော အာဏာရှင် စနစ်ကို ဆိုလိုသည်။ ၂၀ ရာစု အတွင်း အရင်းရှင်စနစ် ပိုမိုကြီးထွားလာသည်နှင့်အမျှ ကြီးမားသော ပြဿနာ များကို ရင်ဆိုင်လာရသည်။


ကွန်မြူနစ်ဝါဒ သည် လူမှုစီးပွားရေး ဖွဲ့စည်းပုံ စနစ်တစ်ရပ်၊ နိုင်ငံရေး သဘောတရား တစ်မျိုးဖြစ်သည်။ ကွန်မြူနစ်ဆိုသည့် ဝေါဟာရသည် လက်တင်ဘာသာမှ ဆင်းသက်လာပြီး ကွန်မြူနစ်ဝါဒ ဆိုသည်မှာ လူသုံးပစ္စည်း ထုတ်လုပ်ရာ ဌာနများဖြစ်သော အလုပ်ရုံနှင့် တန်ဆာပလာ စသည့် ‘ကုန်ထုတ်ကိရိယာ’များနှင့် မြေယာများအား ပြည်သူလူထုက ပိုင်ဆိုင်၍ ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးအတွက် လူတိုင်း လူတိုင်းက လုပ်အားဖြည့်တင်းရမည်ဟု အနက်အဓိပ္ပာယ်ရှိသည်။ အချို့က မြန်မာလို ‘ဘုံဝါဒ’ဟု ခေါ်ဆိုသော်လည်း ဘုံဝါဒဟူသော ဝေါဟာရသည် တိကျသော အနက်အဓိပ္ပာယ် ထွက်သည်ဟု မဆိုနိုင်ပေ။
 

ဆိုရှယ်လစ်ဝါဒ ဆိုသည်မှာ စီးပွားရေးမျှတမှုကို အခြေခံ၍ လူအများအတွက် လူအများက စီးပွားလုပ်ငန်းများကို ပိုင်ဆိုင်ကာ လုပ်ရမည် ဟူသော သဘောပင် ဖြစ်သည်။ ဆိုရှယ်လစ်ဝါဒဟူသော ဝေါဟာရကို အီတလီနိုင်ငံတွင် ခရစ်သက္ကရစ် ၁၈၀၃ ခုနှစ်၌ စတင်၍ ပုံနှိပ်အက္ခရာအဖြစ် အသုံးပြုခဲ့ရာမှ ထိုအယူအဆရေးရာကို လက်ခံသူများသည် ဆိုရှယ်လစ်များဟူ၍ တွင်ခဲ့ကြသည်။ အင်္ဂလန်တွင် ၁၈၂၇ သမဝါယမမဂ္ဂဇ်းတွင် ဆိုရှယ်လစ် စကားလုံးကို စသုံးသည်။ 


အရင်းရှင်ဝါဒ သည် စီးပွားရေးစံနစ် တစ်ခုဖြစ်ပြီး၊ ကုန်ထုတ်လုပ်မှု အရင်းအနှီးများ အားလုံးကို ပုဂ္ဂလိကမှ ပိုင်ဆိုင်သည်။ စက်မှုကုန်ထုတ် လုပ်ငန်းခွင်များမှ ထုတ်လုပ်သူ အလုပ်သမားများ၏ လုပ်အားမှ ဖြစ်ထွန်းလာသော တန်ဖိုးကို ပုဂ္ဂလိက အရင်းရှင်များက သဲ့ယူကာ သူတို့ ၏ကုန်ထုတ်အရင်းကို ပွားယူသည်။ ထို့နောက် ထိုအရင်းကို သူတို့၏အကျိုးနှင့် အမြတ်အစွန်း အတွက်သာ ပြန်လည်ရင်းနှီး အသုံးချသော စနစ်တခုဖြစ်သည်။


No comments:

Post a Comment

သို.လော..သို.လော...??

 ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် တရားခံပျောက်နေသော သမိုင်းမှန်တစ်ခု ပဟေဠိပေါင်းများစွာနဲ့ သို့လော.. သို့လော ဖြစ်ခဲ့ရတဲ့ တပ်မတော်ထဲက ပြဿနာတစ်ရပ...