စကစ နှုင်. KNU အကြား စစ်ပြေငြိမ်းရန် အကြိမ်ကြိမ် အစည်းဝေး ပြုလုပ်ကာ 
အခြေအတင် ဆွေးနွေးခဲ.သော်လည်း တစ်စုံတရာ သဘောတူညီမှု ဆုံးဖြတ်ချက် 
မချနိုင်သည်.အဆုံး ဒု-ဗိုလ်မှူးကြီးတစ်ဦးမှ မတ်တတ်ရပ်ပြီး " ညီနောင်တို. -
 ကျွ်ုနုပ် အနည်းငယ် ဆွေးနွေးခွင်.ပြုပါ၊ မြန်မာပြည် တကယ်တမ်း 
ငြိမ်းချမ်းစေချင်ရင် မြန်မာပြည်မှာ ဗမာတွေမရှိမှ ငြိမ်းချမ်းမယ်၊ 
ဒါပဲပြောချင်တယ်" ဟု ခပ်ပြတ်ပြတ် လိုရင်း တိုရှင်း ပြောကြားရင်း 
ထိုင်ချလိုက်ပါတော.သည်။
အစည်းဝေး ဦးဆောင်သူ Chairmanမှ 
လုံးဝမျော်လင်.မထားသည်. စကားကြောင်. ပါးစပ်အဟောင်းသား ဘာပြန်ပြောရမှန်းမသိ 
 အချိန်အတန်ကြာ ကြောင်တောင်တောင် ငေါင်အမ်းအမ်း မိန်းမောတွေဝေရင်း 
သက်ပြင်းတစ်ချက်ချကာ " ဟုတ်ကဲ." ဆိုရုံမှတပါး ထိကရုံးကဲ.သို. 
မျက်နှာငိုက်ဆိုက်လျှက် တခွန်းတလေမှ ခွန်းတုန်.ပြန် 
ပြောဆိုခြင်းအလျှဥ်းမရှိ၊ အစည်းဝေးတက်ရောက်သူ အပေါင်းလည်း ကြောင်တကောင်ရှေ.
 ကြွက်ခြေသံအလား အပ်တချောင်းကျသံပင် ကြားရလောက်သည်. ငြိမ်သက်ခြင်းအတိ 
ဖုံးလွှမ်းခဲ.လေသည်။
ထိုသူသည် E လို ကျွမ်းကျင်စွာ ပြောဆိုရေးသား 
နိုင်သည်.အတွက် တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်စဥ် မုံရွာမှ ကလက္ကတားသို. 
ရက်ပေါင်း (၉၀)တိတိ ခြေလျှင်ဖြင်. အစီရင်ခံစာပေးပို.ရာ တပ်စုတခုလုံး 
အထိခိုက်မရှိ ဦးဆောင်နိုင်သဖြင်. ဗြိတိသျှ လူဖြူအရာရှိ၏ 
ဂုဏ်ပြုခြင်းနှုင်. ကမ္ဘာ.အသက်အငယ်ဆုံး ဂုဏ်ထူးဆောင် ရာထူး 
ချီးမြင်.ခံရပြီး ဝန်ကြီးဦးနုသည် သူ.သမီးနှုင်. ပေးစားရန် 
ကမ်းလှမ်းခဲ.ကြောင်း အတွင်းသိသူများ ပြောဆိုချက်အရ သိရသည်။
ဒု-ကမ္ဘာစစ်အပြီး
 မြန်မာတပ်(BIA) သည် ကရင်လူမျိုးထံမှ လက်နက်ကို သိမ်းယူရန် ကြိုးပမ်းရာမှ 
ကရင်နှင့်ဗမာအကြား ပြင်းထန်သော လူမျိုးရေး အဓိကရုဏ်းများ တစ်ဖက်နှင့်တစ်ဖက်
 ရက်စက်စွာ သတ်ဖြတ်ပြီး ရွာပေါင်းများစွာ ပြာကျလောင်ကြွမ်းကာ 
ထောင်ပေါင်းများစွာသော ပြည်သူများ သေကြေခြင်းကြောင်. ကရင်နိုင်ငံရေးသမား 
စောဘဦးကြီး (KNU ဥက္ကဌ) မှ 16/4/1947 ခုနှစ်တွင် KNU ၏ 
လက်နက်ကိုင်အဖွဲ့အစည်း (KNDO) အား တည်ထောင်ခဲ့သည်။
ထိုအချိန် 
ကရင်vsဗမာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို. ဖိတ်ကြားခံ ဒု-ဗိုလ်မှူးကြီး 
ဆွန်ခိုပေါင်သည်  တပ်တွင်းဥပဒေ မလိုက်နာပဲ ခရစ်ယန် နှုင်. တိုင်းရင်းသား 
များကို  ရာထူးမတိုး/နေရာမပေးခြင်း၊ အရည်ချင်းမရှိသူ ဗမာ,ဗုဒ္ဓများသာ 
ရာထူးအကြိမ်ကြိမ် တိုးပေးခြင်းအပေါ် မကျေနပ်ချက်များကို အမြဲဖေါ်ပြပြောဆို 
ရေးသား လေ.ရှိသည်။
သူ.ကို ဗ.က.ပ အား တိုက်ယူရန် ဦးနုအမိန်. 
ပေးခြင်းခံသော်လည်း ဗိုလ်မှူးချုပ် ကျော်ဇောမှ 'ခဏဆိုင်းပါအုံး'ဟု 
တားမြစ်သဖြင်. ဗ.က.ပ များ ထွက်ပြေးပြီးမှသာ ထိုနေရာသို. ရောက်ခဲ.ခြင်းအပေါ်
 မကျေ မနပ်ဖြစ်ကာ "ဗမာတွေ ဘယ်တော.မှ ဂတိမတည်ဘူး-မယုံရဘူး၊ သူတို.ပြောစကား၊ 
သူတို.ထုတ်သည်. အမိန်.၊ သူတို. ဆွဲသည်.ဥပဒေ သူတို.ကိုယ်တိုင် မလိုက်နာ ဘူး"
 ဟု မှတ်ချက်ချပြီး ၁၉၄၉ ကရင်ဗမာ ငြိမ်းချမ်းရေး အစည်းဝေး၌  "မြန်မာပြည် 
တကယ်တမ်း ငြိမ်းချမ်းစေချင်ရင် ဗမာတွေမရှိမှ ဖြစ်မယ်" ဟု ပြောဆိုပြီး 
နောက်တနေ. ရာထူးဖြုတ်-တောခို -ချင်းတော်လှန်ရေးဖွဲ. ၊ အဖမ်းခံ-ထောင်ချ။
ထိုစဥ်ကတည်းက
 တိုင်းရင်းသားများအား ခွဲခြားဆက်ဆံ လာခဲ.သည်. သန္ဒေသည် နှစ်ပေါင်း ၇၀ 
ကျော် လာခဲ.ပြီ။ ဒါက Long Long Ago က ဟာပဲ၊ အခု တန်းတူ အခွင်.ရေး 
ပေးနေပါပြီ' လို. ငြင်းအုံးမလား?)။
 Google မှာ အလွယ်တကူ 
ရှာတွေ.နိုင်သည်. လူငယ်ရှေ.နေ ဦးငိုင်ဆာ.ခ်သည် ဥပဒေဖြင်. မဟာဘွဲ.ရပြီး 
အသက် ၃၅ နှစ်အောက် တနိုင်ငံလုံး ပထမအဆင်. ရသော်လည်း ဂျပန်နိုင်ငံ 
ပညာတော်သင် သွားခွင်.မရပဲ သူ.အောက် ဒုတိယ ဗမာ/ဗုဒ္ဓကိုပဲ ပို.ခဲ.တယ်။ 
(ဒါမကြာသေးခင်က အဖြစ်ပျက်၊ ကျန်တာ ပြောမဆုံးပေါင် တောသုံးထောင်)
 အဓိက
 ဆိုလိုရင်းကတော. ဦးနု၏ ဗုဒ္ဓဘာသာအား နိုင်ငံတော်ဘာသာ ဖြစ်ရမည်ဟု 
တစ်ချက်ခုတ်ခြင်းသည် နှစ်ချက်ပြတ်ကာ လူများစု (ဗမာ)လည်း လူမျိုးကြီးဝါဒ 
 မျိုးစေ.အလိုလို ချပြီးသား ဖြစ်ကာ လူနည်းစု တိုင်းရင်းသား နှင်. ဘာသာခြား 
 များများမုန်း/နှိမ်မှသာ အာဏာရှင်ချသည်. မျိုးစေ.မှအပင်ပေါက်၊ 
အညွန်.တလူလူပွင်.ကာ အမြစ်အရှည်လည်း ခိုင်မြဲစွာ စွဲနိုင်မည်ဖြစ်သည်။
ဗမာစာသည်
 ရုံးသုံးစကား ဆိုသည်. မြေသြဇာထည်.ပြီး တိုက်ပုံလုံချည် ဝတ်ရန်ဆိုသည်.ရေကို
 နှစ်၇၀ကျော် လောင်းချခံ  ဗမာဗုဒ္ဓဘာသာ အားလုံး၏ အတွေးအမြင် အသွေးအသား 
အတွင်းဂလီစာ၌ သူတို.သည်သာ 1st class ၊ ကျန်အားလုံး 2 nd Class 
 ဆိုသည်.မှိုင်း အသွင်းခံ ခဲ.သည်. ကျောရိုးကြီးကို ဤနွေဦးတော်လှန်ရေးက 
ချိုးဖျက်ချေမှုန်း ပြောင်းပြန်လှန် ခဝါချ မြေမြုပ်သင်္ကျိုကာ ဖန်ဆင်းရှင် 
ဘုရားသခင်၏ မူလဧဒင်ဥယျဥ်မှ လူသားတိုင်းအား ပေးထားသည်. တန်းတူညီမျှသည်. 
အခွင်.ရေးကို ပြန်လည်ရယူရန် သွေးလိုကသွေး၊ အသက်လိုက အသက်၊ ငွေလိုကငွေ ၊ 
လူလိုကလူ ပေးဆပ်ရန် အားလုံး အသင်.ရှိနေပြီ။
ဤနွေဦးတော်လှန်ရေး 
ကွင်းပြင်သို. KNU , KIA , AA နှုင်. ဉီနောင်ဗမာလည်း ထဲထဲဝင်ဝင်ပါလာပြီး 
တိုင်းရင်းသား များထက်ပင် ပို၍ စကစကို မုန်းတီး၊ ဆဲဆိုကျိန်စာသင်.ကာ 
အမှုန်.ကြိတ်ချင်နေကြပြီ။ သူတို. ဗမာ/ဗုဒ္ဓဘာသာ အချင်းချင်း 
လုပ်ရက်လေခြင်းဟု ပို၍ အော.နှလုံးနာ ငိုကြွေးလျှက် ယခင် အထင်မြင်သေးခဲ.သမျှ
 တိုင်းရင်းသားဒေသ လွတ်မြောက် နယ်မြေအသီးသီး၌ သင်တန်းတက်ရင်း တွဲသောလက်တွေ 
မြဲကာ ရင်ဘတ်ချင်း ထပ်တူကျလေပြီ။
နောက်ဆုံးအနေဖြင်. အာဏာရှင်ဆိုတာ 
ဟိုလူမျိုးပိုချစ်ပြီး ဒီလူမျိုးပိုမုန်းတယ်၊ ဒီဘာသာ-ဟိုဘာသာဆိုတာ မရှိဘူး၊
 ဗုဒ္ဓဘာသာကိုလည်း ဘမ်းပြပြီး လှူဒါန်းပြတာ ၊ တကယ်တမ်း ဘာတရားမှ သူတို.မှာ 
မရှိဘူး၊ သူ.ဖက်ပါသည်.သူ အကုန်အမျိုးတော်ချင်တယ်။ ကုန်ကုန်ပြောရရင် 
ခေါင်းကြီးပိုင်း တစ်သိုက်ကို မဖမ်း/မသတ်နိုင် သေးသရွေ. အောက်ငယ်သား 
ဘယ်လောက် သေသေ သူတို. လက်မမြောက်အရှုံးမပေးဘူး။
တီကောင်အား 
အလယ်မှဖြတ်ဖြတ် ခေါင်းမှဖြတ်ဖြတ် ရသလောက်လှုပ်နေသကဲ.သို ရသည်.နည်းဖြင်. 
ခုခံနေမည်သာ။ နိုင်မလား-ဘယ်တော.လဲ လာမမေးနဲ.၊ နိုင်ပြီးသားပါ။ ကျွန်တော်က 
အပြေးသမား ဆိုတော. မီတာ ၄၀၀ , ၈၀၀ နဲ.နှိုင်းပြီး ပြောရရင် 
နောက်ဆုံးပန်းဝင်ခါနီး အသားကုန်ဆွဲဖို. ခွန်အား မီတာ ၅၀ ချန်ထားရသကဲ.သို. 
ထိုမီတာ ၅၀ ထဲသို. ခြေတလှမ်းစပြုနေပြီ။ အထက်က ဒု-ဗိုလ်မှူးကြီး စကားအရ 
မြန်မာပြည်ကြီး ငြိမ်းချမ်းဖို. စကစနဲ. မအလ မရှိမှ ဖြစ်မယ်လို. 
ပြောကြားရင်း...အရေးတော်ပုံ ဧကန်မုချ အောင်ရမည်။
Saturday, February 5, 2022
" မြန်မာပြည် ငြိမ်းချမ်းစေချင်ရင် မအလနဲ. စကစ အမြစ်ဖြုတ်မှဖြစ်မယ် "
Subscribe to:
Post Comments (Atom)
သို.လော..သို.လော...??
ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် တရားခံပျောက်နေသော သမိုင်းမှန်တစ်ခု ပဟေဠိပေါင်းများစွာနဲ့ သို့လော.. သို့လော ဖြစ်ခဲ့ရတဲ့ တပ်မတော်ထဲက ပြဿနာတစ်ရပ...
- 
(စစ်အာဏာသိမ်းမှု အများဆုံး ဖြစ်ခဲ့တဲ့ အာဖရိက နိုင်ငံများ) အာဖရိကနိုင်ငံတွေထဲမှာ ဆူဒန်နိုင်ငံက စစ်အာဏာသိမ်းမှု အများဆုံး အနေနဲ့ ၁၅ ကြိမ် အထိ...
 - 
၁။ အကြမ်းဖက် ဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာတည်မြဲရေးအတွက် နောက်ကွယ်က ဒေါက်တိုင်တွေထဲကတစ်ခုအဖြစ် အဓိက ပံ့ပိုးပေးသူတစ်ဦးမှာ "ယ...
 
No comments:
Post a Comment