Saturday, February 5, 2022

"ဒီတော်လှန်ရေး ရှုံးခဲ့ရင်--?"

 

ဒီတော်လှန်ရေး အောင်ခဲ့ရင်လို့ အများကြီးတွေးပြီး စိတ်ကူးယဉ် ကြည့်လို့ရတယ်။ ရွှေရောင်အနာဂတ်၊ နတ်စီသော အိပ်မက်တွေပေါ့။ ရှယ်မိုက်လွန်းလို့ လူတိုင်းတွေးဖြစ်နေမယ့်အရာတွေမို့ အကျယ်ချဲ့ မပြောတော့ဘူး။

ဒီတော်လှန်ရေး ရှုံးခဲ့ရင်လို့ တွေးကြည့်လိုက်စမ်းပါ။ အမှန်တရား ပြောမယ်။ အရမ်းခါးတယ်။ ဆောရီး။ နယ်စပ်ကနေ တော်လှန်ရေး တာဝန်တွေ ထမ်းဆောင်နေကြသူတွေ အခုထက်အခုထက် ပိုပြီး ပြည်ပ ရောက်ကုန်မယ်။ အကုန်ကုန်သွားမယ်။ ဆက်လုပ်မယ့်သူ မရှိတော့ဘူး။ ပြည်ပကနေ ဆက်လုပ် ဖို့ဆိုတာ Limitation တွေ အများကြီးပဲ။ ထိုင်စားလို့ရတဲ့ နိုင်ငံတွေ မဟုတ်ဘူး။ အချိန်ကြာလာတာနဲ့အမျှ ရပ်တန့်ကုန်ကြမှာပဲ။ 
 
အချိန်တန်ရင် Green Card ရမယ်။ Citizen ဖြစ်ကုန်မယ်။ အစပိုင်းမှာ ခက်ခဲပေမယ့် ဘာပဲဖြစ်ဖြစ် လူပီပီသသရှင်သန်ရတဲ့နိုင်ငံမှာ လူအဖြစ်ရကြမယ်။ ၈၈တုန်းကလည်း ဒီလိုပဲ။ အမေရိကားမှာတင် သိန်းချီ သန်းချီ။
 
တောထဲက လူငယ်တွေလား။ သေကြမယ်။ အဖမ်းခံရမယ်။ မသေတဲ့ အချို့တစ်ဝက်က နယ်စပ်ဒုက္ခသည်စခန်းကနေ နိုင်ငံခြား ရောက်ကုန် ကြမယ်။ အပေါ်ကပြောခဲ့တဲ့လူတွေလိုပဲ ဆက်ဖြစ်သွားမယ်။ မယုံမရှိနဲ့။ ၈၈ တုန်းက သေနတ်ကိုင် စစ်တိုက်ခဲ့တဲ့ တော်လှန်ရေးသမားတွေ အမေရိကားမှာ အများကြီး။ 
 
ထောင်ထဲက ပြည်သူတွေလား။ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ထောင်သက် မပြည့်ခင် သေသူသေမယ်။ ဆန်ရှင်အလျှော့ခံချင်ရင် တို့တိတို့တိလွှတ်ပေးမယ်။ အပြင်ရောက်လာရင် ပြင်ပလောက အကြောင်း ဘာမှမသိတော့တဲ့ စိတ်ဒဏ်ရာလူသားတွေအဖြစ် ရှင်သန်ကြရမယ်။
 
 နောက်ဆုံး စစ်ဖိနပ်အောက်မှ ပြားပြားဝပ်ကျန်ခဲ့မှာ ပြည်တွင်းက ပြည်သူတွေပဲ။ လမ်းသွားရင် ဖုန်းစစ်ခံရမယ်။ ပေါ်တင် ဆက်ကြေး တောင်းမယ်။ ခြင်ထောင်လှန် ဧည့်စာရင်းစစ်ခံရမယ်။ ဒေါ်လာစျေး နှစ်ထောင်အထက်နဲ့ ဆင်းရဲတွင်း နက်သထက် နက်မယ်။ 
 
ပြည်ပကို အိမ်ဖော်ပို့ခံရမယ်။ ကျန်သလောက် သယံဇာတ အပြီးခွါချခံရပြီး ကုန်းကောက်စရာမရှိအောင် လုပ်မယ်။ သိစေချင်တဲ့အရာပဲ သိခွင့်ရမယ်။ ဥာဏ်ရည်ဥာဏ်သွေးတွေ နိမ့်ကျလာမယ်။ ဖမ်းရင်ခံရမယ်။ သတ်ရင်ခံရမယ်။လုရင်ခံရမယ်။ တောင်းရင် ပေးရမယ်။ ဘဝတွေ ရှင်လျက်သေရမယ်။
 
အတိုချုပ်ပြောရရင် ခွေးဖြစ်တာလို့ ခေါ်တယ်။ ခွေးတောင်မှ ကားအကောင်းစားပြတင်းပေါက်မှာ လေညှင်းခံပါသွားမယ့် ခွေးမဟုတ်ဘူး။ ခွေးဝဲစားဖြစ်မှာ။ ပြည်ပကလူတွေကို ဆဲဆဲ၊ နယ်စပ်ကလူတွေကိုဆဲဆဲ။ ဆဲချင်သလောက်ဆဲ။ ဘယ်သူ့ဘယ်သူကမှ တာဝန်ရှိနေတာ မဟုတ်ဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ် ကိုယ့်ပုခုံးနဲ့ ကိုယ်ဝင်ထမ်းကြတဲ့ သူတွေချည်းပဲ။ ရှုံးသွားရင် ခွေးဖြစ်ကျန်ခဲ့မှာ ခင်ဗျားတို့တွေ။ ပြောရတာ ဝမ်းနည်းတယ်။ စိတ်မရှိနဲ့။ မပြောချင်ဘူး။
 
 ဒါပေမယ့် မသိမှာစိုးလို့။
ဒီတစ်ခေါက်ရှုံးရင် ပြီးပြီ။ အနည်းဆုံး နှစ်ခြောက်ဆယ်ပဲ။ ဒါတောင် နောက်ထပ် မအလတစ်ကောင်မက ထပ်ပေါ်လာနိုင်သေးတာ။
ဒီတစ်ခေါက်မှာ အမှတ်သည်းခြေလေး ရှိပေးကြပါ။ အတူရုန်းကြရအောင်ပါ။ အားနဲ့အင်နဲ့ ရှိနေတုန်းလေး အပြီးရုန်းကြရအောင်ပါ။
သွေးမအေးကြေး , မရပ်တန့်ကြေး
အားလုံးရဲ့အနာဂတ်တွေအတွက် အားကုန်သုံး ရုန်းကြရအောင်ပါ။
( Crd : PSLo)

No comments:

Post a Comment

သို.လော..သို.လော...??

 ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် တရားခံပျောက်နေသော သမိုင်းမှန်တစ်ခု ပဟေဠိပေါင်းများစွာနဲ့ သို့လော.. သို့လော ဖြစ်ခဲ့ရတဲ့ တပ်မတော်ထဲက ပြဿနာတစ်ရပ...